ဝဏ္ဏကျော်

Commercial filmmaker & executive producer

Bio

ကိုဝဏ္ဏကျော်သည် စီးပွားရေးကြော်ငြာဒါရိုက်တာ/ ဦးဆောင်ထုတ်လုပ်သူတစ်ဦးဖြစ်သည့်အပြင် မီဒီယာနှင့်စီးပွားရေးလုပ်ငန်းဆက်သွယ်ရေးကဏ္ဍများ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများတွင် ဧည့်ပါမောက္ခရာထူးဖြင့် ရုပ်ရှင်ရိုက်ကူးခြင်းဆိုင်ရာ စီမံခန့်ခွဲရေးပညာရပ်များ၊ ထုတ်လုပ်မှုနှောင်းပိုင်းပညာရပ်များ၊ ဒစ်ဂျစ်တယ်အမှတ်တံဆိပ်တည်ဆောက်ခြင်း၊ စျေးကွက်ရှာဖွေခြင်းနှင့် စားသုံးသူအမူအကျင့်၊ ကြော်ငြာလုပ်ငန်းစီမံခန့်ခွဲခြင်းနှင့်သက်ဆိုင်သော အတွေ့အကြုံ ဗဟုသုတများကိုလည်း ဝေမျှပေးလျှက်ရှိပါသည်။ ကိုဝဏ္ဏကျော်သည် BBC, CNA, AFP, JICA, ADB, Asia INC Forums, World Vision, Save The Children, Gothe Institute ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ အေဂျင်စီများနှင့်လည်း တွဲဖက်လုပ်ကိုင်ခဲ့ပါသည်။
မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးရေးဦးဆောင်အသင်းအဖွဲ့များနှင့် အလားအလားကောင်းသော တက်သစ်စ ရုပ်ရှင်ရိုုက်ကူးသူလူငယ်များအား တစ်ဖက်တစ်လှမ်းမှ ကူညီပေးလျှက်ရှိပါသည်။ မြန်မာနိုင်ငံဆိုင်ရာ Sony Alpha ကင်မရာများ၏ Videography Category ၏ အမှတ်တံဆိပ်သံတမန်တစ်ဦး၊ ကွန်ပျူတာပညာရှင်အသင်း၏ Professional Member တစ်ဦး၊ မြန်မာ့စီးပွားစီမံအမှုဆောင်များအသင်း (MBE) အသင်းဝင်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (စီးပွားရေးစီမံခန့်ခွဲမှုပညာဌာန) MBA ကျောင်းသားဟောင်းများဖြင့်ဖွဲ့စည်းထားသော JIT တေးဂီတအဖွဲ့ ၏ ဘေ့စ်ဂစ်တာသမားတစ်ဦး၊ ရုပ်သံနည်းပညာစာရေးသူနှင့် စက်ဘီးစီးဝါသနာရှင်လည်းဖြစ်ပါသည်။
ကိုယ်ပိုင်ကြော်ငြာနှင့်မီဒီယာလုပ်ငန်းဖြစ်သော “Miracle Post Media Production & Event Management” ကိုလဲ ဦးဆောင်လုပ်ကိုင်လျှက်ရှိပါသည်။ Hop Agency Myanmar, အမြင့်တက်ခြေလှမ်း​ကုမ္ပဏီလိမိတက်​နှင့် ကျော်​အာရုဏ်​ရုပ်​ရှင်​ထုတ်​လုပ်​ဖြန်​ချိ​ရေးတို့၏ မန်​​နေဂျင်းဒါရိုက်​တာလည်းဖြစ်​သည်​။
လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာအပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်၊ အာရှအကယ်ဒမီဆု ၂၀၂၀၊ သိပ္ပံရုပ်ရှင်ပွဲတော်အပါအဝင် ရုပ်ရှင်ပွဲတော်နှင့်ပြိုင်ပွဲများစွာတွင် အကဲဖြတ်ဒိုင်လူကြီးတစ်ဦးအဖြစ်ပါဝင်ခဲ့သည်။
၂၀၀၆ ခုနှစ် အာဆီယံနိုင်ငံများခေတ်သစ်မီဒီယာဖန်တီးမှုပြိုင်ပွဲတွင် ဒုတိယဆုနှင့် ၂၀၀၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂကလေးများဆိုင်ရာရန်ပုံငွေအဖွဲ့၏ သန့်လေးသန့်စီမံကိန်းဇာတ်ညွှန်းဆုကိုရရှိခဲ့သည်။
၂၀၂၀ နှစ်ဆန်းတွင် စက်ဘီးစီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရန်ရည်ရွယ်ချက်ဖြင့် Nature Ride Myanmar စက်ဘီးစီးခရီးသွားလုပ်ငန်းကိုထူထောင်ခဲ့သည်။
၂၀၁၅ ခုနှစ်မှစတင်၍ Sony Alpha 4K Camera များ၏ မြန်မာနိုင်ငံဆိုင်ရာအမှတ်တံဆိပ်သံတမန်အဖြစ်ခန့်အပ်ခံခဲ့ရပြီး မြန်မာပြည်အနှံ့ ရုပ်သံပညာရပ်ဆိုင်ရာသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများစွာ လှည့်လည်ဟောပြောပို့ချခဲ့သည်။
၂၀၁၄ ခုနှစ်တွင် " လူစွဲမူစွဲ နည်းပညာစွဲနှင့် ဖန်တီးမှုအနုပညာ" စာအုပ်ကိုရေးသားဖြန့်ချိခဲ့သည်။


About Us

We offer the best courses to share the real-life industrial experiences.

Email : [email protected]

Phone : 09894114092

©2021 ThinKyar. All rights reserved.