အပိုင်း (၁) - Chapter 1 to 10
ဒီဇိုင်နာမပုံ့
0
(0)
Price
50,000Ks
Buy this course
ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဘယ်လိုဖြစ်လာမလဲ
ယခုသင်ကြားပေးမဲ့ Skirt Lesson လေးကတော့ ကိုယ့်အိမ်မှာ ရိုးရိုးစက်နင်းတက်ရုံနဲ့ လိုက်ပါသင်ကြားလို့ရမဲ့သင်တန်းလေးပဲဖြစ်ပါတယ်။ အဓိက ကိုယ်တိုင်းတွေ အသေးစိတ်ဘယ်လိုယူရလဲ၊ Skirt Pattern အခြေခံကစပြီးဘယ်လိုဆွဲရသလဲဆိုတာကို အသေးစိတ်သင်ခန်းစာလေးထဲမှာ သေချာဆွဲပြပေးထားပါတယ်။
လက်မ ၊ cm နှစ်မျိုးလုံးနဲ့ပါ ရှင်းပြပေးထားပါတယ်။ ဗဟုသုတရစေမဲ့ Color, Body Shape, ပိတ်စအမျိုးအစားများ အကြောင်းလေးတွေပါ ပြောပြပေးထားပါတယ်။ ဒါမှ ကိုယ့် Customer အတွက် လိုက်ဖက်စေမဲ့ ဒီဇိုင်းမျိုးကို ဘယ်လိုကျွမ်းကျွမ်းကျင်ကျင် ဖန်တီးပေးရမလဲဆိုတာသိရှိစေမှာဖြစ်ပါတယ်။
----------------------------------------------------------------------
-အခြေခံ pattern ကနေ အစပေါ် တင်ညှပ်ပုံ
-ပိတ်စ ယူပုံ ယူနည်း
-ချုပ်ပုံ ချုပ်နည်းအဆင့်ဆင့်
-ခါးပတ်တပ်ပုံ၊ ချိတ်တပ်ပုံ၊ ဇစ်ပျောက်တပ်ပုံ ၊ zig zag လိုက်ပုံ
-ချုပ်ရိုးချုပ်သားသေသပ်အောင် မီးပူတိုက်နည်း၊ ဓားစက်လိုက်နည်း
အခြေခံအဆင့် ပုံကနေ စကပ်ဒီဇိုင်း ပုံ (50) ကျော်လောက်ထိ ကိုယ်တိုင်ဖန်တီးနိုင်အောင် ဒီသင်ခန်းစာလေးထဲမှာ သေချာလေးသင်ပြထားတာဖြစ်ပါတယ်။
မှတ်ချက်။ ။သင်ခန်းစာထဲမှာ ဆွဲပြသွားသော ပတ်တန်များကို More Section ရဲ့ Resources မှနေကြည့်ရှူ့နိုင်ပါတယ်။
-ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဘယ်လိုဖြစ်လာမလဲ
-အခြေခံအရောင်များ ပိတ်စများ နှင့် အမျိုးသမီး ကိုယ်ခန္ဓာအကြောင်း
-ကိုယ်လုံး အတိုင်းအတာယူပုံ
-အခြေခံ မူလစကပ်ဆွဲနည်း
-အေပုံစကပ်၊ ရေသူမစကပ် 180 ၊360 စကပ် ပတ်တန်ထုတ်နည်း ညှပ်နည်း၊ ချုပ်နည်း