အပိုင်း (၂) - Chapter 11 to 18

by ဒီဇိုင်နာမပုံ့
176 students
fashion

ယခုသင်ကြားပေးမဲ့ Skirt Lesson လေးကတော့ ကိုယ့်အိမ်မှာ ရိုးရိုးစက်နင်းတက်ရုံနဲ့ လိုက်ပါသင်ကြားလို့ရမဲ့သင်တန်းလေးပဲဖြစ်ပါတယ်။ အဓိက ကိုယ်တိုင်းတွေ အသေးစိတ်ဘယ်လိုယူရလဲ၊ Skirt Pattern အခြေခံကစပြီးဘယ်လိုဆွဲရသလဲဆိုတာကို အသေးစိတ်သင်ခန်းစာလေးထဲမှာ သေချာဆွဲပြပေးထားပါတယ်။ လက်မ ၊ cm နှစ်မျိုးလုံးနဲ့ပါ ရှင်းပြပေးထားပါတယ်။ ဗဟုသုတရစေမဲ့ Color, Body Shape, ပိတ်စအမျိုးအစားများ အကြောင်းလေးတွေပါ ပြောပြပေးထားပါတယ်။ ဒါမှ ကိုယ့် Customer အတွက် လိုက်ဖက်စေမဲ့ ဒီဇိုင်းမျိုးကို ဘယ်လိုကျွမ်းကျွမ်းကျင်ကျင် ဖန်တီးပေးရမလဲဆိုတာသိရှိစေမှာဖြစ်ပါတယ်။ ---------------------------------------------------------------------- -အခြေခံ pattern ကနေ အစပေါ် တင်ညှပ်ပုံ -ပိတ်စ ယူပုံ ယူနည်း -ချုပ်ပုံ ချုပ်နည်းအဆင့်ဆင့် -ခါးပတ်တပ်ပုံ၊ ချိတ်တပ်ပုံ၊ ဇစ်ပျောက်တပ်ပုံ ၊ zig zag လိုက်ပုံ -ချုပ်ရိုးချုပ်သားသေသပ်အောင် မီးပူတိုက်နည်း၊ ဓားစက်လိုက်နည်း အခြေခံအဆင့် ပုံကနေ စကပ်ဒီဇိုင်း ပုံ (50) ကျော်လောက်ထိ ကိုယ်တိုင်ဖန်တီးနိုင်အောင် ဒီသင်ခန်းစာလေးထဲမှာ သေချာလေးသင်ပြထားတာဖြစ်ပါတယ်။ မှတ်ချက်။ ။သင်ခန်းစာထဲမှာ ဆွဲပြသွားသော ပတ်တန်များကို More Section ရဲ့ Resources မှနေကြည့်ရှူ့နိုင်ပါတယ်။

-ထပ်တွန့်စကပ် -သုံးဆင့်စကပ် -အစွေပတ်စကပ်ညှပ်နည်း အယူအဆ -ပတ်စကပ် အတိုရိုးရိုး -ပတ်စကပ် အဖုံး ဒေါက်အတွန့်ထည့်နည်း -စကပ်အကျပ်ပေါင်ခွဲယူနည်း နှင့် ဂျင်းစကပ်ချုပ်နည်း -၆ ခြမ်းဆက်စကပ် -၁၀ ခြမ်းဆက်စကပ်ရေ သူမပုံ